မာန်အောင် ၄ ဧပြီ
"ရခိုင်ရိုးရာ ယဉ်ကျေးမှုသင်္ကြန်ပွဲတော်"ခေါင်း စဉ်ဖြင့် ပန်းချီပြိုင်ပွဲကို ဧပြီလ ၉ ရက် နံနက် ၁၁ နာရီတွင် ကျောက်ဖြူခရိုင် မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၏ လူထုအခြေပြု ဗဟိုဌာန ရှိ ကလေးစာဖတ်ခန်းတွင် ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်လိုသူ ကျောင်းသား ကျောင်းသူများ အနေဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ အမည်စာရင်း ပေးသွင်းနိုင်ကြောင်းနှင့် ပြိုင်ပွဲ ဝင်များအနေဖြင့် မိမိနှစ်သက်ရာ ဓာတ်ပုံဖြစ်စေ၊ ပုံဖြစ်စေ ယူဆောင်လာပြီး ကြည့်ရှု၍ ခဲခြစ်ပုံတူ ပန်းချီရေးဆွဲ ယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်း သိရသည်။
သိန်းထွန်းအောင်(ပြန်/ဆက်)


