မိတ္ထီလာ   ၁၆  ဇွန် 

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်အောက်ရှိ  ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (၁၀) ကျောင်းမှ သင်တန်းသူသင်တန်းသား(၁၇၀) ကျော်သည် မိတ္ထီလာ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံးသို့ ဇွန်လ ၃ ရက်နေ့မှ ၂၁ ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ကွင်းဆင်းလေ့လာလျှက်ရှိကြောင်း သိရသည်။

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်အောက်ရှိ တောင်ကြီး၊ မိတ္ထီလာ၊ ပခုက္ကူ၊ မုံရွာ၊မြစ်ကြီးနား၊ ကျောက်မဲ၊ ဖလမ်း၊မင်းတပ်၊ လွိုင်ကော်၊ ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံကျောင်းများတွင် ရက်ကန်း ပညာရပ်သင်ကြားနေသော သင်တန်းသူ သင်တန်းသား (၁၇၄)ဦးအား မိတ္ထီလာမြို့ရှိ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံသို့ကွင်းဆင်း၍  ဝါမှ ချည်မျှင်ဖြစ်သည့်အထိ လုပ်ဆောင်ပုံ၊ ဆေးဆိုး၊ ဒီဇိုင်းရေးဆွဲပြီး အထည်ဖြစ်သည့်အထိနှင့် လွန်းမဲ့ရက်ကန်းစင်အကြောင်းစသည့် ပညာရပ်များကို ဇွန်လ ၃ ရက်နေ့မှ ၂၁ ရက်နေ့အထိ နေ့စဉ် နံနက် ၈ နာရီမှ ညနေ (၃)နာရီအချိန်အထိ လက်တွေ့ကွင်းဆင်းလေ့လားလျှက်ရှိသည်။

ထို့သို့ ကွင်းဆင်းလေ့လာခြင်းဖြင့် သင်တန်းသူသင်တန်းများမှာ လုပ်ငန်းခွင်နယ်ပယ်ဆောင်ရွက်ရာတွင် အတွေ့အကြုံများ ရရှိစေမည်ဖြစ်ကြောင်း မိတ္ထီလာမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသာဝကပြောကြားခဲ့သည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)