၂၂ ဇွန် 

အမေရိကန် ရက်ပ်ပါအဆိုတော် xxx Tentacion အသတ်ခံရမှုတွင် ပါဝင်သော သံသယရှိသူကို ရဲများက ဖမ်းဆီးလိုက်ပြီဖြစ်သည်။ ဖမ်းဆီးခံထားရသူ၏အမည်မှာ ဒတ်ရိခ် ဒက်ဗွန်ရှေး ဆိုသူဖြစ်ပြီး အသက်မှာ ၂၂ နှစ်ရှိပြီဖြစ်သည်။ ၄င်းသည် ယခုအခါ လူသတ်မှုဖြင့် တရားရင်ဆိုင်ရတော့မည်ဖြစ်သည်။

အသတ်ခံရသူ ရက်ပ်အဆိုတော်၏ အမည်အရင်းမှာ ဂျာဆက် အွန်ဖရွိုင်း ဖြစ်ပြီး အသက်၂၀ အရွယ်သာရှိသေးသည်။ ဖလော်ရီဒါတောင်းပိုင်းတွင် သေနတ်ဖြင့် အပစ်ခံရခြင်းဖြစ်ပြီး ဆေးရုံရောက်ရှိသောအခါ သေဆုံးသွားခဲ့သည်။ ၄င်းသည် ရက်ပ်ပါလောကတွင် အလျှင်အမြန် အောင်မြင်လာသော အဆိုတော်တစ်ဦးဖြစ်ပြီး အယ်လ်ဘမ် နှစ်ချပ်ထဲဖြင့် အောင်မြင်လာခြင်းလည်းဖြစ်သည်။ သို့သော်၄င်းမှာ အိမ်တွင်းအကြမ်းဖက်မှုများကြောင့် တရားရင်ဆိုင်ခဲ့ရသူလည်းဖြစ်သည်။

လူသတ်မှုတွင် နောက်ထပ်သံသယရှိသူများကို ရဲများက ရှာဖွေနေခြင်း ရှိမရှိ တရားဝင်မကြေငြာသော်လည်း နောက်ထပ်လူနှစ်ဦးကိုလည်း ဖမ်းဝရမ်းထုတ်ထားကြောင်း သိရသည်။ ဖမ်းဆီးထားသူနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကိုမူ နောက်ပိုင်းတွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ပြည်သူ့သတင်းအချက်အလက် ဌာနမှ ပြောသည်။

ရက်ပ်ပါအဆိုတော် အွန်ဖရွိုင်းသည် ဒေသစံတော်ချိန် ၁၆ နာရီက မော်တော်ဆိုင်ကယ် ကုမ္ပဏီမှ ထွက်ခွာလာစဉ် လူနှစ်ဦးက ၄င်း၏အနား ချဉ်းကပ်လာခဲ့ကြောင်း ထိုလူနှစ်ဦးထဲမှ တစ်ဦးသည် ရက်ပ်အဆိုတော်ကို ပစ်ခတ်ခဲ့ကြောင်း ထို့နောက် နှစ်ဦးသား ထွက်ပြေးသွားကြောင်း သိရသည်။ လူသတ်မှုနှင့် ပတ်သက်၍ သတင်းပေးနိုင်မည်သူကို ဆုငွေ ဒေါ်လာ ၃၀ဝ၀ ပေးမည်ဟုလည်း ဆုကြေးထုတ်ထားသည်။

ခြူး

ကိုးကား- ဘီဘီစီ