ရှမ်း နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် မီးရှူးခံမင်္ဂလာ ဂါရဝပြုဆုတောင်း

ချမ်းအေးသာစံ ၈ နိုဝင်ဘာ

 

ရှမ်းတိုင်းရင်းသားများ လူမှုရေးအသင်း(မန္တလေး)က ကြီးမှူး၍ ရှမ်း သက္ကရာဇ် ၂၁၁၂ ခုနှစ် ရှမ်းနှစ်သစ်ကူး ပွဲတော်အထိမ်းအမှတ် (တုတ်ဆူး) မီးရှူးခံမင်္ဂလာ ဂါရဝပြုဆုတောင်းခြင်းကို နိုဝင်ဘာ ၇ ရက် ည ၈ နာရီက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် (၃၅)လမ်းရှိ ရှမ်းတိုင်းရင်းသားများ လူမှုရေးအသင်း(မန္တလေး)၌ ကျင်းပသည်။

 

အခမ်းအနားတွင် ရှမ်းလူငယ်မောင်မယ်များက ရှမ်းနှစ်သစ်ကူး သီချင်းဖြင့် သီဆိုဂါရဝပြုပြီး ကိန္နရီ၊ကိန္နရာအက၊ ရှမ်းအိုးစည်ဗုံမောင်း အကများဖြင့် ဖျော်ဖြေသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ဂုဏ်ပြုစကား ပြောကြားပြီး ရှမ်းတိုင်းရင်းသားများ လူမှုရေးအသင်းဥက္ကဋ္ဌ ဦးစိုင်းဆိုင်မိုင်းက ကျေးဇူးတင်စကား ပြောကြားသည်။

 

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းဝင်များ၊ ရှမ်းတိုင်းရင်းသား လူမှုရေးအသင်း ဥက္ကဋ္ဌ ဦးစိုင်းဆိုင်မိုင်းနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီး ဆွမ်းတော်ပြင်အဖွဲ့နှင့် လူငယ်မောင်မယ်များ တက်ရောက်ကြသည်။

 

မောင်ပြည်သူ