ရမ်းဗြဲ နိုဝင်ဘာ ၂၄
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်းကျောင်းများမှ အသက်(၁၂) နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေးရာ အသက် (၁၂) နှစ်အထက် ကျောင်းသား/ကျောင်းသူ (၆၅၆၇) ဦး ထိုးနှံပြီးဖြစ်ကြောင်းသိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းများ ဆောင်ရွက်ရာတွင် ဆေးထိုးရန် ရောက်ရှိလာကြသည့် အသက် (၁၂) နှစ်အထက် ကျောင်းသား/ကျောင်းသူများကို ပညာရေးဌာနမှ ဆရာ/ဆရာမများက စာရင်းရေးသွင်း မှတ်တမ်းကောက်ယူခြင်း၊ ကျန်းမာရေးဝန်ထမ်းများမှ ကိုယ်ပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းစသည့် ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ကာ ကာကွယ်ဆေးများကို စနစ်တကျထိုးနှံပေးကြပါသည်။

ရမ်းဗြဲမြို့နယ်တွင် အသက် (၁၂) နှစ်အထက် ကျောင်းသား ကျောင်းသူများအား နိုဝင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်တွင် ဒုတိယအကြိမ် ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ရာ အထက်တန်းမှ (၁၈၀၂) ဦး၊ အလယ်တန်းမှ (၄၇၆၅) ဦး စုစုပေါင်း( ၆၅၆၇ ) ဦး ထိုးနှံပေးပြီးဖြစ်ကြောင်းကို မြိို့နယ်ပညာရေးမှူးရုံးမှသိရသည်။
အောင်နိုင် (ပြန်/ဆက်)