ရမ်းဗြဲ စက်တင်ဘာ ၂၇
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ မြို့ပေါ်ရပ်ကွက် အမှတ် (၁)၊ (၂)၊ (၃) ရပ်ကွက်များမှ အသက် (၅) နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးများ တိုက်ကျွေးခြင်းကို မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ အာဟာရဌာနခွဲတွင် စက်တင်ဘာ ၂၇ ရက်က ပြုလုပ်ခဲ့သည်။
ဗီတာမင်အေနှင့် သံချဆေးကို ကလေးငယ်များအတွက် အာဟာရ ချို့တဲ့မှုများမှ ကင်းဝေးပြီး အာဟာရပြည့်ဝ၍ ကိုယ်ခန္ဓာဖွံ့ဖြိုးကာ ကျန်းမာသန်စွမ်းစေရေးအတွက် (၆) လလျှင် တစ်ကြိမ် ပုံမှန်တိုက်ကျွေး ပေးလျက်ရှိသည်။ အဆိုပါ ဗီတာမင်နှင့် သံချဆေးများ တိုက်ကျွေးရန် ရောက်ရှိလာသည့် ကလေးငယ်များကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အာဟာရဌာနခွဲမှ ကျန်းမာရေးဆရာမများက ကလေးငယ်များ၏ ဖွံ့ဖြိုးကြီးထွားမှုကို တိုင်းတာခြင်း၊ ကိုယ်အလေးချိန် တိုင်းတာခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးပြီး ဗီတာမင်အေနှင့် သံချဆေးကို တိုက်ကျွေးပေးကြသည်။

စက်တင်ဘာ ၂၈ ရက်တွင်လည်း ကျန်ရှိသော မြို့ပေါ်ရပ်ကွက် အမှတ် (၄)၊ (၅)၊ (၆)ရပ်ကွက်များမှ အသက်(၅) နှစ်အောက် ကလေးငယ်များအား ဆက်လက်တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်နိုင်(ပြန်/ဆက်)