ရမ်းဗြဲမြို့နယ်၌ အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်များထုတ်ပေး

ရမ်းဗြဲ၊ စက်တင်ဘာ ၁၈

 

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ထုတ်ပေးခြင်းကို စက်တင်ဘာ ၁၇ ရက်က ရမ်းဗြဲမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရမ္မာဝတီခန်းမတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

 

ရမ်းဗြဲမြို့နယ်အတွင်းမှ အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ရပ်/ကျေး အုပ်ချုပ်ရေးမှူးများတစ်ဆင့် လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပြီး တစ်လလျှင် ငွေကျပ်တစ်သောင်းနှုန်းဖြင့် ဧပြီ၊ မေ၊ ဇွန် တတိယ (၃) လပတ်အဖြစ် ထုတ်ပေးခြင်းဖြစ်သည်။

 

mdn

 

ရမ်းဗြဲမြို့နယ်အတွင်းမှ အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွား (၁၀၃၀) ဦးအတွက် ငွေကျပ် ၃၀၉၃၀၀၀၀ ကို ထုတ်ပေးခဲ့ပြီး ရမ်းဗြဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ တက်ရောက်အားပေးကာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

အောင်နိုင်(ပြန်/ဆက်)