ရမ်းဗြဲ ၁၆ ဇွန်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ရေး ငါးရိက္ခာများစားသုံးပေး အသိပညာပေးပိုစတာကို စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရမ်းဗြဲမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ရမ်းဗြဲမြို့၊ အမှတ်(၃) ရပ်ကွက် ပုတင်းစုစျေးရှေ့တွင် ယနေ့နံနက် ၉ နာရီ အချိန်က စိုက်ထူခဲ့ကြသည်။
၎င်းအသိပညာပေး ပိုစတာစိုက်ထူရာသို့ ရမ်းဗြဲမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ခင်ရွှေနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။ အသိပညာပေးပိုစတာတွင် ပြည်သူများ လူမှုဘ၀တွင် နေ့စဉ်စားသုံးနေမှု၌ ပင်လယ်စာဖြစ်သော ငါး ပုစွန်များစားသုံးခြင်းဖြင့်ရရှိလာ မည့်အာဟာရများ၊ ငါးအာဟာရတန်ဖိုးအကြောင်းများနှင့် ငါးပုစွန် စားသုံးခြင်းကြောင့် ကျန်းမာရေးအတွက် အထောက်အကူပေးခြင်း အာဟာရဖွံ့ဖြိုးခြင်းတို့ ပါဝင်သည့် ပိုစတာကို စိုက်ထူခဲ့ကြသည်။
ယင်းနောက် လမ်းသွားလမ်းလာပြည်သူများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနမှ ထုတ်ဝေသည့် COVID - 19 ကာကွယ်ရေး ငါးရိက္ခာများစားသုံးပေး အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြကြောင်း သိရပါသည်။
အောင်နိုင်(ပြန်/ဆက်)


