ရမ်းဗြဲ၊ ၂၁   ဇွန်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၊  ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်  ကျေးလင်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးမှူးကျင်းပသော လျှပ်စစ်ဝါယာရိန်းသင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် မြို့နယ်ကျေးလက်ဦးစီးမှူး ဦးအောင်ထွန်းက သင်တန်းဆင်း အမှာစကား ပြောကြားပြီး သင်တန်းဆရာက သင်တန်းတွင် သင်ကြားပို့ချပေးခဲ့မှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်ကျေးလက်ဦးစီးမှူးနှင့် တာဝန်ရှိသူများက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

သင်တန်းသို့ ရမ်းဗြဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၈) အုပ်စု၊ ကျေးရွာ (၉) ရွာမှ သင်တန်းသား ၂၀  တက်ရောက်လျက်ရှိပြီး လျှပ်စစ်ကျွမ်းကျင် ဆရာများက ရက်သတ္တသုံးပတ်ကြာ သင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ကျေးလက်နေပြည်သူများ သက်မွေးဝမ်းကြောင်းအထောက်အကူပြု ပညာရပ်များသင်ကြားတတ် မြောက်စေရန်ရွည်ရည်လျက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဖွင့်လှစ်သင်ကြားပေးခဲ့ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးမှူး ဦးအောင်ထွန်းက ပြောကြားသည်။ 

တင်ထွန်း(ပြန်/ဆက်)

mdn