ရမ်းဗြဲ   ၉  နိုဝင်ဘာ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ လယ်ယာ၊ ကုန်ထုတ်လမ်းဆောင်ရွက်ပေးနိုင်ရန် တင်ပြမှုအပေါ် မြေပြင်ကွင်းဆင်း တိုင်းတာခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်ကျေးလက်ဦးစီးမှူး ဦးအောင်ထွန်းနှင့် တာဝန်ခံအင်ဂျင်နီယာတို့မှ ဆောင်ရွက်ခဲ့သည်။

 

a1

 

အဆိုပါ လယ်ယာကုန်ထုတ်လမ်းသည် သစ်ပုတ်တောင်ကျေးရွာအတွင်းရှိ တောင်သူ (၅၀)ကျော်တို့မှာ ကျေးရွာနှင့် လေးမိုင်ကွာဝေးသော ချောင်းဖျားဒေသသို့ သွားရောက်ပြီး ပင်ပန်းခက်ခဲစွာဖြင့် လုပ်ကိုင်စားသောက်နေရသော လမ်းတစ်လမ်းဖြစ်သည်။

အဆိုပါ လယ်ယာကုန်ထုတ်လမ်းနှင့် လိုအပ်သော တံတား၊ ရေပြွန်များအား ဖောက်လုပ်ပေးနိုင်ခဲ့ပါက သစ်ပုတ်တောင်ကျေးရွာရှိ အိမ်ခြေ (၂၂၀)၊ အိမ်ထောင်စု (၂၄၆)စု၊ လူဦးရေ (၁၃၁၃)ဦးတို့အတွက် များစွာအကျိုးပြု မည်ဖြစ်ကာ လယ်ယာ၊ ဥယာဉ်ခြံမြေ ဧက(၁၀၀၀)ကျော်အား အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။ 

တင်ထွန်း(ပြန်/ဆက်)