ရမည်းသင်း၊ ဒေါပုံနှင့်ကျိုင်းတုံ မြို့နယ်တို့တွင်  မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော်   မတ် ၂၉  

 

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂၆ ရက် ၆နာရီခွဲတွင်   ရမည်းသင်းမြို့နယ်၊ နမ့်အင်းကျေးရွာအုပ်စု၊ နန်းခွဲကျေးရွာအနီးတွင် မောင်ကြီး နှင့် ဦးပီး တို့ကို မော်တော်ဆိုင်ကယ် ၂ စီးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့် ဘိန်းစိမ်း ၇၈ ဒသမ ၄ ကီလို၊ မြန်မာငွေကျပ် ၆ ဒသမ ၄ သိန်းကိုလည်းကောင်း။

 

မတ် ၂၈ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင်  ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်၊ မေတ္တာလမ်းရှိ မခင်ခင်စု ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၃၂,၄၀၀ ကိုလည်း ကောင်း၊ ထိုနေ့ ညနေ ၆ နာရီ မိနစ် ၅၀ တွင် ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ဟိုခိုကျေးရွာရှိ အိုက်ဆိုင် ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၇,၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ  အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)