ရမည်းသင်း စက်တင်ဘာ ၂၄
စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းနှင့် စာပေဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် ၁၀နာရီက နေ့စဉ်ထုတ် မြန်မာ့အလင်းသတင်းစာမှ "စာဖတ်ခြင်းအလေ့အထ" ဆောင်းပါးကို စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် စက်တင်ဘာ ၂၁ ရက်ထုတ် သတင်းစာပါ သွယ်လင်းကို ရေးသားသည့် " စာဖတ်ခြင်းရဲ့အလေ့အထ" ဆောင်းပါးကို ဝန်ထမ်းများ အသီးသီးက ဖတ်ရှုကြပြီး ခရိုင်ဦးစီးမှူးကဝန်ထမ်းတစ်ဦးချင်းကို ပြန်လည်မေးမြန်းကာ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်များကို အလေးထားကာ လိုက်နာဆောင်ရွက်ရေး၊ စာဖတ်နှုန်း မလျော့ကျ စေရေး၊ စာဖတ်သူများက အသိဉာဏ်ပိုမိုရရှိခြင်းနှင့် စာပေ အကျိုးကျေးဇူးတို့ကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ခရိုင် (ပြန်/ဆက်)