ရမည်းသင်း စက်တင်ဘာ ၂၄
စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းနှင့် စာပေဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယနေ့ နံနက် ၁၀နာရီက နေ့စဉ်ထုတ် မြန်မာ့အလင်းသတင်းစာ မှ"စာဖတ်ခြင်းအလေ့အထ"ဆောင်းပါးကိုစာဖတ်ဝိုင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် စက်တင်ဘာ ၂၁ ရက်ထုတ်သတင်းစာပါ သွယ်လင်းကိုရေးသားသည့် " စာဖတ်ခြင်းရဲ့ အလေ့အထ"ဆောင်းပါးကို ဝန်ထမ်းများ အသီးသီးက ဖတ်ရှုကြပြီး ခရိုင်ဦးစီးမှူးကဝန်ထမ်းတစ်ဦးချင်းကို ပြန်လည်မေးမြန်းကာ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်များကို အလေးထားကာလိုက်နာဆောင်ရွက်ရေး၊ စာဖတ်နှုန်း မလျော့ကျစေရေး၊စာဖတ်သူများက အသိဉာဏ်ပိုမိုရရှိခြင်းနှင့် စာပ အကျိုးကျေးဇူးတို့ကိုရှင်းလင်းဆွေးနွေးပြောကြားသည်။
ခရိုင်ပြန်/ဆက်၊ရမည်းသင်း