ရမည်းသင်း ၁၉ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်နှင့် မြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ် စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်း၍ ရမည်းသင်းမြို့နယ် မြိုးမဈေးကြီးအတွင်း မီးဘေးအန္တရာယ်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဖေဖော်ဝါရီ ၁၉ ရက် မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူးမှ မြို့မဈေး-ဈေးခေါင်းရုံးတွင် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းအစီအမံများကို ရှင်းလင်းပြောကြားကာ ဈေးကြီးအတွင်း ဈေးသည်များမှ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းကို လက်တွေ့ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ မီးသတ်ယာဉ်(၃)စီးဖြင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းနှင့် မြို့မဈေး အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ အပေါ့စားမီးစက်ဖြင့် မီးငြှိမ်းသတ်ခြင်းများကို ပြသခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ရမည်းသင်းခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအုန်းသန်းနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဟန်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ခင်ဆင့်နှင့် မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဈေးအကျိုးတော်ဆောင်များနှင့် ဈေးသူ၊ ဈေးသားများ ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
ဇော်ဝင်းအောင်(ရမည်းသင်း)


