ရမည်းသင်း ၃၀ ဧပြီ

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး  ကော်မတီသို့ ရမည်းသင်းခရိုင် အမျိုးသမီးကော်မတီအဖွဲ့ဝင်များမှ တစ်နေ့တာ အာဟာရလှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းက ရမည်းသင်းမြို့ သာသနာဗိမ္ဗာန်ကန့်သတ်စောင့်ကြည့်စခန်း၌ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပေးအပ်လှူဒါန်းမှုတွင် ရမည်းသင်းမြို့ပေါ်ရှိ သာသနာဗိမ္ဗာန်ကန့်သတ်စောင့်ကြည့်စခန်းနှင့် နည်းပညာတက္ကသိုလ် (ရမည်းသင်း) ကန့်သတ်စောင့်ကြည့်စခန်း၌ ဖွင့်လှစ်ထားရှိသော Community Based Facility Quarantine  Centre များတွင် Quarantine ဝင်ရောက်နေကြသူ(၅၂၉)ဦးတို့အား ရမည်းသင်းခရိုင် အမျိုးသမီးကော်မတီအဖွဲ့ဝင်များမှ (၆၃၀၀၀၀) ကျပ်ကို တစ်နေ့တာအဟာရ လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

ရန်နိုင်ထွန်း