ရမည်းသင်း ဧပြီ ၇

 

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင် ကျေးလက်နေပြည်သူများအတွက် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများ ဖွင့်လှစ်ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီက အင်တိုင်းကျေးရွာ လူထုဗဟိုပြုစီမံကိန်းဖြင့် တည်ဆောက်ထားသည့် ခန်းမ၌ ကျင်းပပြုလုပ်သည်။

 

ဦးစွာ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲတွင် ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးထက်က အခြေခံစာတတ်မြောက်ရေးလုပ်ငန်းသည် စာမတတ်သူ ပပျောက်ရေးကို အခြေခံကာ လူ့ဘဝ၌ မရှိမဖြစ်လိုအပ်သဖြင့် စာပေအသိမှ ဉာဏ်ပညာအသိများ ရရှိစေရန် ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ရမည်းသင်းမြို့နယ် ပညာရေးမှူးရုံး လက်ထောက်ပညာရေးမှူး ဦးကျော်တင့်မှ လူသားအရင်းအမြစ် တိုးတက်စေရေး အခြေခံစာတတ်မြောက်ရေးလုပ်ငန်း အစပြု၍ နိုင်ငံဖွံဖြိုးတိုးတက်စေရန် အထောက်အကူတစ်ရပ်ဖြစ်သည့် စာမတတ်သူမရှိစေရန် သင်ကြားရခြင်းကို ရှင်းလင်းပြောကြားကာ အင်တိုင်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးသန်းလွင်မှ ကျေးဇူးတင်စကား ပြောကြားသည်။

 

ထို့နောက် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွင်း စာမတတ်သူ မရှိစေရေးအတွက် အခြေခံစာတတ်မြောက်ရေး အသုံးလုံးသင်တန်း စာသင်ဝိုင်းကို အင်တိုင်းအုပ်စု၊ အင်တိုင်းကျေးရွာ၊ ကင်ရွာကျေးရွာနှင့် သပြေပင်ကျေးရွာတို့မှ အခြေခံစာတတ်မြောက်ရေး သင်တန်းသား ၂၆ ဦး၊ သင်တန်းသူ ၂၄ ဦး စုစုပေါင်း ၅၀ အား ဒေသခံ ဆရာ/ဆရာမ ၅ ဦးနှင့် မြို့နယ်ပညာရေးမှူးရုံး ကြီးကြပ်သူတစ်ဦးတို့မှ စာတွေ့လက်‌တွေ့ သင်ကြားပေးကြမည်ဖြစ်ကြောင်း၊ သင်တန်းကာလမှာ ဧပြီ ၇ ရက်မှ ၁၂ ရက်အထိ တစ်ကြိမ်နှင့် ဧပြီ ၁၈ ရက်မှ မေ ၁၅ ရက်အထိ တစ်ကြိမ် စုစုပေါင်း (၂)ကြိမ်ခွဲ၍ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ခရိုင်ပြန်/ဆက် (ရမည်းသင်း)