ရမည်းသင်း မတ် ၈
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ သင်ပန်းကုန်းကျေးရွာအနီး ဒေါ်တင်တင်မိုး (မျိုးမေတ္တာ)ပွဲရုံတွင် မတ် ၈ ရက် ည ၈ နာရီ ၅၅ မိနစ်ခန့်ကပလပ်ခုံမှတစ်ဆင့် အပူလွန်ကဲပြီး လျှပ်စစ်ဝါယာရှော့ဖြစ်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ခရိုင်မီးသတ်နှင့် မြို့နယ်မီးသတ်တို့မှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်ဖွဲ့ဝင်များနှင့် ပြည်သူများ စုပေါင်းပြီး မီးသတ်ယာဉ် သုံးစီး၊ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၅ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှုကြောင့် ဒေါ်တင်တင်မိုး၏ ပွဲရုံ နှစ်ထပ်တိုက်မှ မျက်နှာကြက်၊ အခင်းပျဉ်များ၊ တိုင်များ၊ ထုပ်တန်းများ မီးလောင်ခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)