ရမည်းသင်း၊ ၂၄ မေ
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခြင်းကြောင့် အခြေခံပညာကျောင်းများကို ယာယီပိတ်ထားခဲ့ရာမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး မေ ၂၄ ရက် နံနက် ၉ နာရီမှ စတင်ကာ မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများ၌ ကျောင်းအပ်နှံခြင်းကို စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယခုအခါ စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် တာဝန်ကျ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာများက မိမိတို့ တာဝန်ကျရာကျောင်းများ၌ ကျောင်းအပ်နှံရေးလုပ်ငန်းများကို အခမဲ့ဆောင်ရွက်ခြင်း၊ နိုင်ငံတော်က ထောက်ပံ့ပေးအပ်သည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်/ခဲတံ၊ mask၊ face shield တို့ကို အခမဲ့ပေးအပ်ခဲ့ကြသည်။
ရမည်းသင်းမြို့နယ်တွင် အထက်တန်းကျောင်း (၁၄)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၁၃)ကျောင်း၊ အလယ်တန်းကျောင်း (၂၀)ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၂၁)ကျောင်း၊ မူလတန်းလွန်ကျောင်း (၃၂)ကျောင်း၊ မူလတန်းကျောင်း (၁၂၄)ကျောင်း၊ မူတန်းခွဲ (၁၁)ကျောင်း စုစုပေါင်း (၂၃၅)ကျောင်းရှိကြောင်း မြို့နယ်အခြေခံပညာဦးစီးဌာနမှ သိရသည်။
ခရိုင်(ပြန်/ဆက်)


