ရမည်းသင်း နိုဝင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်အတွင်းရှိ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ နိုဝင်ဘာ ၁ ရက် နံနက် ၈ နာရီခွဲက ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရာတွင် ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ထားသည့် စည်းကမ်းများနှင့်အညီ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း ခေတ္တမြို့နယ်ပညာရေးမှူး ဒေါ်မိမိခိုင်က ပြောသည်။

ရမည်းသင်းမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း (၁၄)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၁၃)ကျောင်း၊ အလယ်တန်းကျောင်း (၂၀)ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၂၁)ကျောင်း၊ မူလတန်းလွန်ကျောင်း (၃၂)ကျောင်း၊ မူလတန်းကျောင်း (၁၂၄)ကျောင်း၊ မူတန်းခွဲ (၁၁)ကျောင်း စုစုပေါင်း (၂၃၅)ကျောင်းရှိပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသည်။

ဇော်ဝင်းအောင် (ခရိုင်ပြန်/ဆက်)