ရမည်းသင်း စက်တင်ဘာ ၂၃
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေဦး(ထိန်းသိမ်းရေး) ဦးဆောင်သောအဖွဲ့သည် စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်အတွင်း၌ မိုးရွာသွန်းမှုကြောင့် ပျက်စီးသွားသည့် ကန်ဆွယ် - ကန်မြင့် - မှန်စီ - ဝါးတော - မကျီးစု ကျေးရွာချင်းဆက်လမ်းပိုင်းအား ရမည်းသင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့စွာ သွားလာနိုင်ရေးအတွက် ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင်ပြန်/ဆက်(ရမည်းသင်း)


