ရမည်းသင်း    မတ်     ၂၂

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်တွင် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ နွေရာသီအခြေခံအားကစားသင်တန်းများကို မတ် ၅ ရက်မှ ၂၂ ရက်အထိ ဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းတွင် ဘောလုံး၊  ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ မြန်မာ့သိုင်း၊ လက်ဝှေ့၊ အေရိုးဗစ်နှင့်  Fitness  Dance  စသည့် အားကစားနည်း ခုနစ်နည်းဖြင့် ရမည်းသင်းခရိုင် အားကစားကွင်းတွင် ဖွင့်လှစ်ခဲ့ပြီး ယနေ့နံနက်ပိုင်းတွင်  သင်တန်းဆင်းပွဲအခမ်းအနားကို  ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပရာ ရမည်းသင်းခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်မြင့်နှင့် ကိုယ်စားလှယ်ကြီးများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက သင်တန်းနည်းပြအား လက်ဆောင်များနှင့် ထူးချွန်ဆုရရှိကြသည့် သင်တန်းသား သင်တန်းသူများအား ဆုများပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် လက်ဝှေ့နှင့် Fitness Dance သင်တန်းသား သင်တန်းသူများက သရုပ်ပြသခဲ့ကြကြောင်း သိရသည်။             

ခရိုင်(ပြန်/ဆက်)