နေပြည်တော်  ၅   စက်တင်ဘာ

 

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ တူးကုန်းကျေးရွာ လယ်ကွက် အနီး၌ ရွှေပါသည်ဟု ယူဆရသော ဗြုန်းကျောက်အိတ်များအား အမျိုးသား ၁ ဦးက စောင့်ကြပ်နေကြောင်း သတင်းအရ စက်တင်ဘာလ ၃ ရက် ညနေ ၅ နာရီက တူးကုန်း ရဲကင်း စခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ  မြစ်သားမြို့နယ်၊ ခရုတုတ်ကျေးရွာ ကိုမင်း(၃၉)နှစ်အား ၁ အိတ်လျှင် ၆ ပိဿာခန့်ရှိ ဗြုန်းကျောက်အိတ် ၁၅ အိတ်နှင့် သစ်သားရိုးတပ် သံတူ ၄ ချောင်းတို့နှင့်အတူ တွေ့ရှိသိမ်းဆည်းခဲ့သည်။

 

၎င်းအား စစ်မေးရာ မိုးထိမိုးမိဒေသ လုပ်ကွက်ကြီး(A)အတွင်းရှိ 35 Decline(1) အပေါက်မှ သန်းထိုက်အောင်(ခ)ဟိန်းမင်းသား (ကုမ္ပဏီအစောင့်)ပါ ၄ ဦးနှင့်အတူ ပူးပေါင်း၍ တူးယူခဲ့ကြောင်း သိရှိရသောကြောင့် ကိုမင်းနှင့် သန်းထိုက်အောင်(ခ)ဟိန်းမင်းသားပါ ၄ ဦးအား ရမည်းသင်း မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

 

(ရဲပြန်ကြား)