ရပ်စောက် ၊ ၁၅ ဒီဇင်ဘာ

 

ရှမ်းပြည်နယ်(တောင်ပိုင်း)ရပ်စောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ဒီဇင်ဘာ ၁၅ ရက် နံနက် ၈ နာရီခွဲက ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

mdn

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ကျန်းမာရေးသုံး ပစ္စည်းများ ဖြစ်သည့် PPEဝတ်စုံ၊ Mask၊Hand Gel တို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ပေးအပ်ရာ ရပ်စောက်မြို့နယ် Covid-19 ရောဂါထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ တာဝန်ရှိသူများက လက်ခံ ရယူကြကြောင်း သိရှိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)