ကလော      ဇွန်       ၄

ရှမ်းပြည်နယ် အမျိုးသမီးရေးရာနှင့် ပြည်နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ ဇွန် ၃ ရက်တွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရှမ်းပြည်နယ် အမျိုးသမီးရေးရာနှင့် ပြည်နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဥမ္မာနေထွန်းက ကျောင်းသုံးပစ္စည်း ထောက်ပံ့လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားပြီး အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား ကျောင်းသူများအတွက် ကျောင်းသုံးပစ္စည်းများဖြစ်သည့် ဗလာစာအုပ် ဒါဇင် ၅၀၊ ဘောပင်၂၆၂ ချောင်း၊ ခဲတံ ၂၆၄ ချောင်း၊ ပေတံ ၇၅ ချောင်းနှင့် အလှူငွေများကို ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာကြီးက လက်ခံရယူပြီး ကျောင်းသုံးပစ္စည်း လာရောက်လှူဒါန်းထောက့်ပံပေးမှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ကျော်ဝင်း(ကလော)