ကျိုင်းတုံ ၁၀ ဒီဇင်ဘာ

 

ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးက လက်မှတ်ရ ပိုးသတ်ဆေး စနစ်တကျ ကိုင်တွယ်သုံးစွဲသူများ သင်တန်း အမှတ်စဉ်(၃/၂၀၁၉) ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါဦးစီးဌာန၊ ကျိုင်းတုံ့မြို့ရှိ ဒုတိယ ပြည်နယ်ဦးစီးမှူးရုံး၌ ကျင်းပသည်။

 

mdn

 

ရှေးဦးစွာ ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှဝင်းက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များ ပြောကြားသည်။ ယင်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးနှင့် ကျိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းတို့က အမှာစကားပြောကြားသည်။

 

၎င်းနောက် ပြည်နယ်သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်သင်းသင်းလဲ့နှင့် သီးနှံကာကွယ်ရေးဌာနခွဲ (ရုံးချုပ်)မှ သင်တန်းမှူး ဒေါ်ဆိုင်းရော်တို့ကလည်း သင်တန်းနှင့်ပတ်သက်သော စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းသည်။

 

အဆိုပါသင်တန်းအား ပိုးသတ်ဆေးစနစ်တကျကိုင်တွယ်အသုံးပြုရေး၊ ပိုးသတ်ဆေးဥပဒေ လုပ်ထုံးလုပ်နည်းများ သိရှိနားလည်စေရေး၊ ပြည်ပပို့ကုန်များ အရည်အသွေးပြည့်မီစေရေး၊ တောင်သူများ ပိုးနှင့်ရောဂါ ခွဲခြားသိမြင်နိုင်စေရေးနှင့် အန္တရာယ်ကင်းရှင်းသော ပိုးသတ်ဆေးများ ရောင်းဝယ်ဖောက်ကားရေးတို့ကို ရည်ရွယ်ပြီး သင်တန်းဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

သင်တန်းသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မြို့နယ်များမှ သင်တန်းသား ၅၅ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ လေးရက်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

 

ဝေယံလင်း(ပြန်/ဆက်)