လားရှိုး  ၅   အောက်တိုဘာ

 

ကုန်တင်ယာဉ်များသွားလာမှုနှင့် စပ်လျဉ်း၍ စံသတ်မှတ်ချက်များ လိုက်နာဆောင်ရွက်နိုင်ရေး အောက်တိုဘာ ၄ ရက်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

 

ရှမ်းပြည်နယ်အတွင်းသို့ အခြား တိုင်းဒေသကြီး/ပြည်နယ်များမှ ကုန်တင်ယာဉ်များ ဖြတ်သန်း ဝင်ရောက်လာပါက ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက (၂)ပတ်အတွင်း ထုတ်ပေးထားသည့် COVID-19 ရောဂါကင်းကြောင်း(Negative) ထောက်ခံချက်ပါရှိမှသာ ရှမ်းပြည်နယ်အတွင်းသို့ ဝင်ရောက်ဖြတ်သန်းခွင့်ပြုရန်နှင့် ရှမ်းပြည်နယ်အတွင်းမှ ဒေသထွက်ကုန်တင်ပို့ရောင်းချသော ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် များအား အခြားတိုင်းဒေသကြီး/ပြည်နယ်များသို့ ထွက်ခွာခွင့်ကို အောက်တိုဘာ ၅ ရက်မှစတင်၍ ကလောမြို့နယ်၊ နောင်ချိုမြို့နယ်၊ မူဆယ်မြို့နယ်၊ ချင်းရွှေဟော်မြို့နယ်တို့တွင် RDT(Rapid Antigen Diagnostic Test Kit)ဖြင့် စစ်ဆေးပြီး COVID-19 ရောဂါကင်းရှင်းကြောင်း(Negative)ထောက်ခံချက် ထုတ်ပေးခွင့်ပြုရန် ထုတ်ပြန်ထားသည်။ အဆိုပါယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ ရှမ်းပြည်နယ် အတွင်းသို့ ပြန်လည် ဝင်ရောက်လာပါက Facility Quarantine (၁၄)ရက်ထားရှိ ဆောင်ရွက်သွားရန် ရှမ်းပြည်နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက အတည်ပြုထုတ်ပြန်ထား ကြောင်း သိရသည်။

 

ဟန်ဌေး(လားရှိုး)