တောင်ကြီး စက်တင်ဘာ ၂၄

(၁/၂၀၂၁)ကြိမ်မြောက် ရှမ်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေးကို စက်တင်ဘာ (၂၄)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့  ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးခွန်သိန်းမောင်က အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးထင်အောင်နိုင်က ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် အစည်းအဝေးတွင် ဆုံးဖြတ်ချက်ရယူရမည့် ကိစ္စရပ် များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် အစည်းအဝေး တင်ပြချက်များအပေါ် တက်ရောက်လာသူများက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးတင်ပြ၍ တက်ရောက်လာသူများက အထွေထွေဆွေးနွေးကြကာ ပြည်နယ်စီးပွားရေးရာဝန်ကြီး ရှမ်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးခွန်သိန်းမောင်က နိဂုံးချုပ်စကားပြောကြား ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)