တောင်ကြီး မတ် ၇

 

ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၆) ကို ယနေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး၌ ကျင်းပရာ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 

 

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က လယ်ယာကုန်ထုတ်လုပ်မှုဖြင့် လူနေမှုအဆင့်အတန်း မြင့်မားရေးဆောင်ရွက်ရန် လယ်ယာစိုက်ပျိုးမြေများ လျော့ပါးမှုမရှိစေရေးမူဝါဒများ တိတိကျကျချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များအနေဖြင့် လယ်ယာမြေစီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ရာတွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် လယ်ယာကဏ္ဍ ကိုအခြေခံသည့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကို ရှေးရှု၍ တည်ဆဲလယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဆက်စပ်ပတ်သက်သည့် ဌာန၊ အဖွဲ့အစည်း အားလုံးချိတ်ဆက်ပြီး အောင်မြင်မှုရရှိအောင် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ကြရန် ပြောကြားသည်။

 

ထို့နောက် ပြည်နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၆) သို့ တင်ပြလာသည့် တင်ပြချက်များအပေါ် ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)