နေပြည်တော် အောက်တိုဘာ ၈

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၃၁၄၆ ဒဿမ ၂၀၅ သန်းဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်း ကတ္တရာလမ်း ၄ မိုင်၊ ကျောက်ချောလမ်း ၈ မိုင်၊ အမာခံ ဗြုန်းကျောက်ခင်းခြင်း ၂၀ မိုင် ၆ ဖာလုံ၊ မြေသားလမ်း ၈ မိုင် ၄ ဖာလုံ၊ ၁၅ ပေ သံကူကွန်ကရစ်တံတား ၁ စင်း၊ Box Culvert ၅ စင်း၊ (၁၂၀ x  ၃၀ x ၂၆) ပေ စာသင်ကျောင်းဆောင် ၁ ဆောင်၊ ဆိုလာမီးတပ်ဆင်ခြင်း ၄၁ စုံတို့အား အကောင်အထည် ဖော်ဆောင်ရွက်ပေးခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ ဒေသခံ တိုင်းရင်းသား ပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝ တိုးတက်ရေးကဏ္ဍအတွက် များစွာအကျိုးပြုလျက်ရှိကြောင်း သိရသည်။  

သတင်းစဉ်