နေပြည်တော် ဧပြီ ၄  

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်း မြို့အသီးသီးရှိ ဘုန်းတော်ကြီးကျောင်း များတွင် သီတင်းသုံးတော်မူကြသော သံဃာတော်များနှင့် သီလရှင်ဆရာကြီးများ ဆွမ်းအခက်အခဲ အဆင်ပြေစေရန်အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်းပေးလျက်ရှိသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကွတ်ခိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဆန့်နှင့် တာဝန်ရှိသူများက ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင် မြို့နယ်၊ ရွှေကမ္ဘာအေးစေတီကျောင်း၊ ကျောင်းထိုင်ဆရာတော် ဦးဝိစိတ္တ ထံသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်