နေပြည်တော် ဇူလိုင် ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ ကိုဗစ်-၁၉ လူနာများ အသုံးပြုရန်အတွက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံ၌ အသစ်တပ်ဆင်လျက်ရှိသော အောက်ဆီဂျင်စက်ရုံ စတင် လည်ပတ်ထုတ်လုပ်နေမှု၊ အခမဲ့ဖြန့်ချိပေးနေမှုကို ဇူလိုင် ၂၅ ရက်နှင့် ယနေ့တွင် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များနှင့် လားရှိုးမြို့ရှိ ပရဟိတ အဖွဲ့ဝင်များ သွားရောက်ကြည့်ရှုကြသည်။
ထို့နောက် တိုင်းမှူးနှင့် စေတနာရှင်အလှူရှင်များက အောက်ဆီဂျင်စက်ရုံတွင် တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများ၊ ကိုဗစ်- ၁၉ ရောဂါ လူနာများ ကူညီပေးနေသည့် လားရှိုးပရဟိတ ကွန်ရက်အသင်း၊ ကိုဗစ်- ၁၉ Operation Team a Freedom Volunteer Group of pargies များ၊ PPE ဝတ်စုံ ၁၅၀၊ Mask ၁၀၀၀၀ ၊ ရေမလို လက်သန့်ဆေးရည် ၂၄ ဘူး၊ စားသောက်ဖွယ်ရာများ နှင့် လူသုံးကုန်ပစ္စည်းများကို ဂုဏ်ပြုပေးအပ်သည်။
အဆိုပါ အောက်ဆီဂျင်စက်ရုံမှာ ငွေကျပ်သိန်း ၃၅၀၀ တန်ဖိုးရှိပြီး တစ်နေ့လျှင် အောက်ဆီဂျင် ၄၀ လီတာ အိုး ၂၀၀ ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း နှင့် ထုတ်လုပ်ရရှိသော အောက်ဆီဂျင်များကို လားရှိုး ပြည်သူ့ဆေးရုံ၊ ကိုဗစ်-၁၉ ကုသရေးစင်တာ (လားရှိုး) နှင့်ဒေသခံပြည်သူများသို့ အခမဲ့ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်