လားရှိုး ၁၆ ဩဂုတ်

ရှမ်းပြည်နယ် (မြောက်ပိုင်း) COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်း ကော်မတီ၏ ကြီးကြပ်မှုဖြင့်  မူဆယ်မြို့နှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့၊ ချင်းရွှေဟော်မြို့များရှိ  နှစ်နိုင်ငံ နယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန် ပြည်သူများအား လားရှိုးမြို့မှ မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေ ၆ ရက်မှစတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင် ပေးလျက်ရှိရာ ဩဂုတ် ၁၆ ရက်တွင် အမျိုးသား (၄၈) ဦး၊ အမျိုးသမီး (၂၄) ဦး စုစုပေါင်း (၇၂ ) ဦးတို့ကို ထပ်မံပို့ဆောင်ပေးနိုင်ခဲ့သည်။

အဆိုပါ နေရပ်ပြန်ပြည်သူ (၇၂) ဦးတို့တွင်  စစ်ကိုင်းတိုင်းဒေသကြီးမှ (၁၅) ဦး ၊ မကွေးတိုင်း ဒေသကြီးမှ (၃၁) ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၉) ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ (၁) ဦး၊ ရခိုင်ပြည်နယ်မှ (၁၀)ဦး၊ နေပြည်တော်မှ (၃) ဦ ၊ ဧရာဝတီတိုင်း ဒေသကြီးမှ (၃) ဦး တို့ဖြစ်ကြသည်။

ထိုသို့ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာတွင် မေလ (၆) ရက်နေ့မှ ဩဂုတ်လ (၁၆) ရက်နေ့အထိ  နေရပ်ပြန် ပြည်သူအမျိုးသား (၉၂၁၅) ဦး၊ အမျိုးသမီး (၅၆၉၁) ဦး စုစုပေါင်း (၁၄၉၀၆) ဦးတို့အား လွှဲပြောင်း ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

နန်းသန္တာဦး(ပြည်နယ်ပြန်/ဆက်)

 

mdn