နေပြည်တော်၊ ၁၁ ဒီဇင်ဘာ 

ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်   ဒီဇင်ဘာ ၁၀ ရက်က တင်းထက်ကျေးရွာ၏အနောက်ဘက် ၄ မိုင်ခန့်အကွာ အမြင့် ၁ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ဧက ၆၀ ခန့်ကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အလားတူ ဟိုပုံးမြို့နယ် တုတ်စောက်ကျေးရွာ  အရှေ့ဘက် ၁ မိုင်ခန့်အကွာ အမြင့် ၃ ပေခွဲခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်းစုစုပေါင်း ၃၄ ဧကခန့်၊ ဆီဆိုင်မြို့နယ်၊ ထီဒေးကျေးရွာ၏ အနောက် မြောက်ဘက် ၁ မိုင်ခွဲခန့်အကွာ အမြင့် ၂ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်းစုစုပေါင်း ၇ ဧကခန့်၊ လွိုင်လင်မြို့နယ်၊ ကျူပေါ်ကျေးရွာ၏ အနောက်ဘက် ၁ မိုင်ခန့်အကွာ အမြင့် ၂ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း စုစုပေါင်း ၄၄ ဧကခန့်၊ နမ့်စန်မြို့နယ် တွန်ကျိုင်းကျေးရွာ အနောက်ဘက်ရှိ အမြင့် ၃ ပေခန့် သီးပွင့်ဆဲ ဘိန်းခင်းစုစုပေါင်း  ၁၆ ဧကခန့်တို့ကို  သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က အသီးသီးဖျက်ဆီးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

ရဲပြန်ကြား