တောင်ကြီး ၁၀ ဇွန်

 

ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီသည် ယနေ့မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ထားသည့် ကော်မတီရုံးခန်း၌ တိုင်းရင်းသားအဖွဲ့အစည်း (၃) ဖွဲ့အား စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်သည်။

 

ထောက်ပံ့ပေးအပ်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီဝင်များ တက်ရောက်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကာလိမြို့ အခြေစိုက်အသွင်ပြောင်း ပြည်သူ့စစ်အဖွဲ့ (SSA/တပ်မဟာ ၇)မှ ဆက်ဆံရေးရုံးတာဝန်ခံ ဦးစိုင်းဆိုင်ဝမ်းနှင့်အဖွဲ့သို့ ဆန်အိတ် (၃၀ဝ)၊ ဆီပုံး(၃၀)ကိုလည်းကောင်း၊ ကျေးသီးမြိုနယ်၊ ဝမ်ဟိုင်းဒေသအခြေစိုက် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) မှ ဆက်ဆံရေး တာဝန်ခံ ဦးစိုင်းကျော်ဇောနှင့် အဖွဲ့သို့ ဆန်အိတ်(၃၀ဝ)၊ ဆီပုံး(၃၀)ကိုလည်းကောင်း၊ ဆီဆိုင်မြို့အခြေစိုက် ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (S.N.P.L.O) အသွင်ပြောင်းပြည်သူ့စစ်အဖွဲ့မှ ဦးခွန်ချစ်မောင်နှင့်အဖွဲ့သို့ ဆန်အိတ် (၃၀ဝ)နှင့် ဆီပုံး (၃၀)ကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့သည်။

 

အလားတူ ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီသည် ဇွန် ၈ ရက်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (P.N.L.O)၊ အသွင်ပြောင်း ပြည်သူ့စစ်ဌာနေအဖွဲ့ (PNO) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) စသည့် တိုင်းရင်းသားအဖွဲ့အစည်းများထံသို့ ဆန်အိတ်(၃၀ဝ)နှင့် ဆီပုံး(၃၀)စီ စုစုပေါင်း ဆန်အိတ်(၉၀ဝ)နှင့် ဆီပုံး(၉၀)တို့ကို ထောက်ပံ့လှူဒါန်းပေးအပ်ခဲ့ပြီး ဖြစ်သည်။

 

စိုးညွန့်ရွှေ (ပြည်နယ် ပြန်/ဆက်)

 

mdn