တောင်ကြီး  ၉  မေ

 

COVID-19 Pandemic အတွက် ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီအနေဖြင့် စေတနာရှင်၊ အလှူရှင်များက လှူဒါန်းထားသည့် အလှူငွေ၊ စားနပ်ရိက္ခာနှင့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများအား တိုက်နယ်ဆေးရုံများ၊ ကျေးလက်ဆေးပေးခန်းများ၊ ကျန်းမာရေး စောင့်ကြည့်စခန်းများနှင့် ပရဟိတအဖွဲ့များ၊ ဌာနဆိုင်ရာများထံသို့ ထောက်ပံ့ပေးလျက်ရှိသည်။

 

ယင်းသို့ ထောက်ပံ့ပေးလျက်ရှိရာ ယနေ့တွင် နောင်တရား လူငယ်ပရဟိတအဖွဲ့သို့ Mask ၂၀၀၊ PPE (Normal)(၅)စုံ၊ လက်သန့်ဆေးရည်(၂၄)ဘူး၊ အရက်ပျံ (၁၂)လုံး၊ ဘွတ်ဖိနပ် (၅)စုံ၊ ဆပ်ပြာ (၁)ဖာ (၃၆)ဘူး၊ ကြက်ဥ (၃၆၀)လုံး တို့ကိုလည်းကောင်း၊ အေးသာယာရပ်ကွက်(၂)သို့ ကြက်သွန်နီ (၁)အိတ်ကိုလည်းကောင်း၊ ပြည်နယ် မြေစာရင်းရုံးသို့ နှာခေါင်းစည်း Mask ၂၀၀ နှင့် Hand Gel 180 ml (၂၀)ပုလင်း ကိုလည်းကောင်း၊ ရွှေညောင် အမေ့သားများအဖွဲ့သို့ Mask ၁၀၀၀ ခု၊ Hand Gel 180 ml (၂၀)၊ လက်သန့်ဆေးရည် (၁)ဘူးနှင့် ကြက်သွန်နီ (၄)အိတ်ကိုလည်းကောင်း ထောက်ပံ့ခဲ့ကြောင်း ယင်းကော်မတီမှ သိရသည်။

 

ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီသည် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် အရေးပေါ် အခြေအနေဖြစ်ပေါ်လာပါက ပြည်သူများအား ထောက်ပံ့ပေးနိုင်ရန် စားနပ်ရိက္ခာနှင့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားရှိပြီး ကော်မတီ၏ ထောက်ပံ့ပစ္စည်းများ ထုပ်ပိုးခြင်းလုပ်ငန်း၊ ပစ္စည်းဝင်ထွက် လက်ကျန်စာရင်း ပြုစုခြင်းလုပ်ငန်း၊ အလှူလက်ခံစာရင်း ပြုစုခြင်းလုပ်ငန်း၊ ထောက်ပံ့ပစ္စည်းပေးအပ် စာရင်းလက်ကျန် ပြုစုခြင်းလုပ်ငန်း စသည့်များကို ရုံးအဖွဲ့ဝင်(၁၀)ဦးနှင့်အတူ ရွှေပအိုဝ်း ရောင်တော်ဖွင့်လူငယ် ပရဟိတအဖွဲ့မှ(၂)ဦး၊ LEGN ပရဟိတမှအဖွဲ့ဝင်(၅)ဦး စုစုပေါင်းအဖွဲ့ဝင် (၁၇)ဦးတို့ဖြင့် နေ့စဉ်လုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

 

အေးအေးစိုး (ခရိုင် ပြန်/ဆက်)