တောင်ကြီး ၁၇  ဧပြီ

           

ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီနှင့် ကမ္ဘောဇဘဏ်တို့ ပူးပေါင်း၍ စားနပ်ရိက္ခာနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ လိုအပ်လျက်ရှိသော နေရာများသို့ နေ့စဉ် လှူဒါန်းလျက်ရှိရာ ဧပြီလ ၁၆ ရက်နေ့တွင် ပအို့ဝ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသသို့ လက်သန့်ဆေးရည် ၂၀ လီတာ ၂ ပုံးကိုလည်းကောင်း၊ တောင်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနသို့ PPE(Normal) ဝတ်စုံ(၆) စုံ ကိုလည်းကောင်း၊ ညောင်ရွှေမြို့နယ် သို့ ကြက်ဥ အလုံး ၁၀၀၀ တို့ကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့သည်။

 

ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီနှင့် ကမ္ဘောဇဘဏ် တို့ သည် စားနပ်ရိက္ခာနှင့် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ လိုအပ်လျက်ရှိသော ပြည်နယ်အတွင်း ခရိုင်/မြို့နယ်အသီးသီးသို့လည်း ပေးအပ်လှူဒါန်းသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ကော်မတီသို့ နေ့စဉ် စေတနာရှင် အလှူရှင်များမှ လာရောက် လှူဒါန်းလျက်ရှိရာ ဧပြီလ ၁၆ ရက်တွင် တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်နေ ဦးထွန်းလင်းအောင် ဒေါ်မျိုးမျိုးခိုင်မိသားစုမှ အလှူငွေ ကျပ်တစ်သိန်းနှင့် ကြက်ဥအလုံးပေါင်း ၁၀၀၀ ကိုလည်းကောင်း၊ သိန်းရတနာမိသားစု (ဆန်စက်နှင့် ဆီ ရောင်းဝယ်ရေး) မှ ဆီဘူး ၆၆၀ နှင့် ကြက်ဥ အလုံး  ၃၀၀၀၀ ကို လည်းကောင်းလာရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

အေးအေးစိုး(ခရိုင်ပြန်/ဆက်)