ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနေမှုအား ကြည့်ရှုအားပေး

တောင်ကြီး သြဂုတ်

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်ဥပဒေချုပ်နှင့် တာဝန်ရှိသူတို့သည် သြဂုတ် ရက် နံနက် နာရီက တောင်ကြီးမြို့ မူလမင်းကွန်း ပရိယတ္တိစာသင်တိုက်၌ ရဟန်းသံဃာတော်များ၊ သာမဏေများ၊ သီလရှင်ဆရာလေးများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးနေမှုအား ကြည့်ရှုအားပေးကြကြောင်း သိရသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးနေမှုတွင် မူလမင်းကွန်း ပရိယတ္တိစာသင်တိုက်တွင် တောင်ကြီးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း (၁၃)ကျောင်းမှ ရဟန်းသံဃာတော် (၁၁၃)ပါး၊ သာမဏေ (၇၂)ပါးနှင့် သီလရှင် ဆရာလေး ()ပါး လာရောက်ထိုးကြပြီး ကျန်ရှိသည့် ကျောင်းများကိုလည်း ဆက်လက်ထိုးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့၊ မြိုတော်ခန်းမ၌ အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းများ၊ Volunteer အဖွဲ့များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးနေမှုကို ကြည့်ရှုအားပေးကြကြောင်း သိရှိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)