တောင်ကြီး  ၁၁  မတ်

 

တောင်ကြီးမြို့တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် စာစစ်ဌာနများ၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေသည့် ကျောင်းသား ကျောင်းသူများအား ယနေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့သည်။

 

1234009

 

ထိုသို့ လိုက်လံကြည့်ရှုရာတွင် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာန ၁၅ ခုတွင် ဖြေဆိုနေမှုနှင့် ဆောင်ရွက်ထားရှိမှုများ၊ အမှတ် (၁)၊ (၂)၊ (၃)၊ (၄)၊ (၅) အခြေခံပညာ အထက်တန်း ကျောင်းများတွင် ဖြေဆိုနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

 

12348905

 

တောင်ကြီးမြို့နယ် စာစစ်ဌာနများတွင် ယနေ့တွင် ဖြေဆိုသူ ကျောင်းသား ကျောင်းသူ ၈၈၅၇ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

 

12346780

 

ရှမ်းပြည်နယ်အတွင်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၆၆၄၉၅ ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ ၆၂၄၂၃ ဦးရှိကြောင်း သိရသည်။

 

စိုင်းသန်းကျော်(တောင်ကြီး)

 

12445870