သီပေါ စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့တွင် စက်တင်ဘာ ၁၁ ရက်နံနက်ပိုင်းက သီပေါမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သီပေါမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ် ကုသရေးကော်မတီအဖွဲ့သို့ ကာကွယ်ရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ် တို့က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် mask အခုရေ (၁)သောင်း၊ Surgical grown(၂၀၀)၊ Surgical cap(၂၀၀)၊ Handgel ဘူး(၅၀)နှင့်  ထောက်ပံ့ငွေကျပ်(၁၀)သိန်း တို့ကိုပေးအပ်လှူဒါန်းရာ သီပေါမြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ် ကာကွယ်ကုသရေးကော်မတီအဖွဲ့ များက လက်ခံရယူကြောင်း သိရသည်။

အင်းသားလေး(တောင်ကြီး)