ကွမ်းလုံ ၁၂ ဧပြီ
ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် ပြည်နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင်မောင်ညွန့်တို့က ကွမ်းလုံမြို့နယ် Facility Quarantine အတွက် ကာကွယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ကွမ်းလုံမြို့နယ် ပြည်သူ့ဆေးရုံ၌ ယနေ့နံနက် (၉)နာရီက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဇေယျနှင့် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာခွန်စောထွန်းတို့က ကွမ်းလုံမြို့နယ် Facility Quarantine ဆောင်ရွက်ထားရှိိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။
ကွမ်းလုံမြို့နယ် Facility Quarantine ဆောင်ရွက်မှုအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ Quarantine (၁၄)ရက် နေရပ်ပြန်ပြည်သူများအတွက် ထောက်ပံ့ငွေ ကျပ်(၂၅)သိန်း၊ တာဝန်ကျဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေ ကျပ်(၅)သိန်း၊ လည်ရှည်ဖိနပ်(၂၀)စုံ၊ လက်အိတ် ၁၀၀ခုပါ (၅)ဗူး၊ လက်အိတ်ရှည် (၁၀)စုံ၊ အပူချိန်တိုင်းကိရိယာ(၂)ခု၊ PPE ဝတ်စုံ(၃၀)စုံ၊ မျက်မှန်(၄၀)ခုနှင့် Mask ၅၀ ခုပါ (၁၀)ဘူးအား ကူညီထောက်ပံ့ခဲ့ပြီး ပြည်နယ်ကုသရေးဦးစီးဌာနမှ Mask ၅၀ ခုပါ (၅၀)ဘူးနှင့် အပူချိန်တိုင်းကိရိယာ (၁၀)ခုတို့အား ကူးညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မိုင်းခိုင်ဇော်(ကွမ်းလုံ)


