ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများတောင်ကြီးခရိုင်အတွင်း ရေရှားပါးသည်ရပ်ကွက်နှင့်ကျေးရွာသို့ကွင်းဆင်း၍ ရေလှူဒါန်း

တောင်ကြီး  ၂၃  ဧပြီ 

           

မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်အတွင်း ယခုနှစ်နွေရာသီ၌ အပူချိန်ပိုမိုများပြားလျက်ရှိရာ သောက်ရေသုံးရေ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်။ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများနှင့် စေတနာရှင် အလှူရှင်များက ယနေ့မွန်းလွဲ ၁ နာရီက ရေအခက်အခဲဖြစ်ပေါ်နေသည့် တောင်ကြီးမြို့ပေါ် ရပ်ကွက်နှင့် အောင်သပြေကျေးရွာများတွင် ပြည်သူ့များအား မီးသတ်ရေသယ်ယာဉ်နှင့် ရေကားများဖြင့် သွားရောက်လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။

 

1

           

တောင်ကြီးခရိုင်အတွင်း၌ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ လည်ခေါင်းကျေးရွာမှ အိမ်ခြေ(၁၃၅)လူဦးရေ ၇၀ဝ ခန့်၊တောင်ကြီးမြို့နယ်၊ အောင်သပြေရပ်ကွက်(၃)တွင် အိမ်ခြေ ၂၁၃ လူဦးရေ ၈၂၀၊ တောင်ကြီးမြို့ပေါ်ရပ်ကွက်၊ ရွှေတောင်ရပ်ကွက်၊ နယ်မြေ(၁)တွင် လူဦးရေ ၂၀ဝ၀ တို့အား သောက်သုံးရေ နည်းပါးမှု အခက်အခဲများကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများနှင့် အလှူရှင်များက သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

1

           

တောင်ကြီးမြို့နယ်၊ ကွန်လုံကျေးရွာအုပ်စု၊ ဟိုနားကျေးရွာတွင် ပြည်သူဝန်ဆောင်မှုရုံး (One Stop Shop) ရွေ့လျားဝန်ဆောင်မှု ကွင်းဆင်းဆောင်ရွက်မှုများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲတို့က ကွင်းဆင်းဆောင်ရွက်မှုများကို သွားရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

 

1

 

ပြည်သူဝန်ဆောင်မှုရုံး (One Stop Shop) ရွေ့လျားဝန်ဆောင်မှု ကွင်းဆင်းဆောင်ရွက်မှုများတွင် ရှမ်းပြည် နယ်အစိုးရအဖွဲ့ဝန်ကြီးများတို့က မှတ်ပုံတင်ကပ်ပြားများနှင့် ကျေးရွာ ပုံစံ-၇ များကိုပေအပ်ရာ ဒေသခံပြည်သူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

 

စိုင်းသန်းကျော်(တောင်ကြီး)

 

1