ကျိုင်းတုံ စက်တင်ဘာ ၂၃
ရှမ်ပြည်နယ်(အရှေ့ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ)ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းက အမှာစကား ပြောကြားပြီး ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် တာဝန်ရှိသူများ ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအေနများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြရာ တိုင်းမှူး က လိုအပ်သည်များ ပေါင်းစပ်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်အရှေ့ပိုင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ မှ ကျိုင်းတုံခရိုင်အတွင်းရှိ Positive Center များအတွက် အသုံးပြုရန် Enervon-C အလုံး ၅၀၀၀ ၊ ကျိုင်းတုံတက္ကသိုလ်အတွက် နှာခေါင်းစည်း Mask ၃၀၀၀၊ Hand Gal ဘူး ၁၂၀ ၊ လက်အိတ် အစုံ ၅၀၀၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်အတွက် Enervon-C အလုံး ၂၀၀၀ လှူဒါန်းခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)