ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ငွေကျပ်  ၂၂ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) အလေးချိန် ၁,၁၁၃ ကီလို ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ငွေကျပ်  ၂၂ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) အလေးချိန် ၁,၁၁၃ ကီလို ဖမ်းဆီးရမိ

နေပြည်တော်၊ ဩဂုတ် ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ငွေကျပ်  ၂၂ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) အလေးချိန် ၁,၁၁၃ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ 

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဩဂုတ် ၄ ရက် နံနက် ၄ နာရီခန့်တွင် သတင်းအရ ကျိုင်းတုံမြို့နယ်၊  ကျိုင်းတုံ - ဝမ်တာပုံသွားကားလမ်း၊ ၁၃ မိုင်အနီးတွင် ဝမ်တာပုံဘက်မှ ကျိုင်းတုံဘက်သို့ မောင်းနှင်လာသည့် VIGO အမျိုးအစား မော်တော်ယာဉ်ကို ရှာဖွေရန်ရပ်တန့်ခိုင်းစဉ် ၎င်းမော်တော်ယာဉ်သည် လမ်းဘေးလယ်ကွင်းအတွင်း မောင်းနှင်၍ ယာဉ်မောင်းမှာ ထွက်ပြေး တိမ်းရှောင်သွားသည်။

ယာဉ်အားရှာဖွေရာ ဒေသကာလတန်ဖိုး ၂၂ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း)၊ ၁,၁၁၃ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ပြစ်မှုကျူးလွန်သူများအား စုံစမ်း ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ 

သတင်းစဉ်