မိုင်းယောင်း ၂၄ ဖေဖော်ဝါရီ
ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ အဓိပတိ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ၏ ဩဝါဒကိုခံယူလျက် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် မျက်စိဝေဒနာရှင်များအား ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၂ ရက်အထိ အမှတ်(၃)တပ်မတော်ဆေးရုံ(ခုတင်-၃၀ဝ)၌ အခမဲ့ ခွဲစိတ်ကုသပေးမည်ဖြစ်သည်။
မိုင်းယောင်းမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအနေဖြင့် တပ်နယ်မှူးရုံး၊ အမှတ်(၃၃၄) ခြေမြန်တပ်ရင်းနှင့် နီးစပ်ရာနယ်မြေခံ တပ်ရင်းတပ်ဖွဲ့များတို့တွင် လာရောက် စာရင်းပေး သွင်းနိုင်ကြောင်း မိုင်းယောင်းတပ်နယ်မှ သိရသည်။
အသက်အရွယ်ကြီးရင့်၍ မျက်စိအမြင်အာရုံ ချို့တဲ့နေသော အတွင်းတိမ်လူနာများကိုလည်း ခွဲစိတ်လျက် မှန်ဘီလူးအစားထိုး ကုသပေးသွားမည်ဖြစ်ကာ မည်သည့်ဒေသမဆို လူမျိုးဘာသာမရွေး အခမဲ့ သွားရောက်ကုသနိုင်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)


