နေပြည်တော်၊ ဧပြီ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်တွင် ဘိန်းဖြူချက်လုပ်သည့်စခန်း ဖော်ထုတ် သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၇ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ် ကျေးရွာအုပ်စု၊ နမ့်ခမ်း (၁) အပေါ်ကျေးရွာ၏ အနောက်ဘက် လေးမိုင်ခန့်အကွာရှိ လျှိုအတွင်းတွင် မူးယစ်ဆေးဝါး ချက်လုပ်နေကြောင်း သတင်းအရ ရှာဖွေရာ ၎င်းလျှိုအတွင်းရှိ မိုးကာတဲ ၄ လုံးအတွင်း၌ ဘိန်းဖျော်ရည်လီတာ ၆၀၊ ထိန်းချုပ်ဓာတုပစ္စည်း အီသိုင်းအီသာ လီတာ ၈၀ နှင့် အခြားဓာတုပစ္စည်းများ ဖြစ်သည့် Benzene လီတာ ၆၀၊ ဆိုဒီယမ်ကာဗွန်နိတ် ၃ ကီလို၊ ဆိုဒီယမ်နိုက်ထရိတ် ၄ ကီလို၊ ပိုတက်ဆီယမ် ၁၅ ကီလိုနှင့် ဘိန်းဖြူချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သဖြင့် ဥပဒေအရအရေးယူထားရှိပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ 

သတင်းစဉ်