ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်တွင် ငွေကျပ် ၄ ဒသမ ၁၃ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

နေပြည်တော် ဇန်နဝါရီ ၂၅

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်တွင် ငွေကျပ် ၄ ဒသမ ၁၃ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဇန်နဝါရီ ၂၂ ရက် ညနေ ၃ နာရီခွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်း(တောင်ပေါ်)ကျေးရွာအုပ်စု၊ ပူနားကိုကျေးရွာအနီးရှိ ရာဘာခြံကို သတင်းအရ ရှာဖွေရာ ခြံအတွင်းရှိ တစ်ထပ်တိုက်အတွင်း၌ ကျဘို၊ ကျရှော တို့ ၂ ဦးအား ဒေသကာ လတန်ဖိုး ငွေကျပ် ၄ ဒသမ ၁၃ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆ ဒသမ ၅ သန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၁၉၂ ကီလို၊ ပစ္စတို ၁ လက်၊ HK 33 သေနတ် ၁ လက်၊ M-16 သေနတ် ၁ လက်၊ K-12 သေနတ် ၁ လက်၊ တစ်လုံးထိုးသေနတ် ၁ လက်၊ ကျည်မျိုးစုံ ၁,၆၅၀ တောင့်နှင့် လက်ပစ်ဗုံး ၇ လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေ အရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော် ထုတ်လျက်ရှိကြောင်း သိရသည်။

 

(သတင်းစဉ်)