နေပြည်တော် ဇူလိုင် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မဲခေါင်မြစ်အတွင်း တရားမဝင် တင်သွင်းလာသည့် ငွေကျပ်သိန်း ၄,၂၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၅ ဒသမ ၃ တန် ဖမ်းဆီးရမိခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဇူလိုင် ၁၄ ရက် နံနက် ၁၁ နာရီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဆမ်ဖူးကျေးရွာနှင့် နမ့်ဖုန်းကျေးရွာကြား၊ မဲခေါင် မြစ်ကမ်းဘေးတွင် ဆိုက်ကပ်ထားသည့် ကျိုင်းလပ်မြို့၊ ဝမ်ကျင်း(၃)ရပ်ကွက်၊ မဲခေါင်လမ်းနေ ဦးနန်အွန် ပိုင်ဆိုင်သည့် အလျား ၁၇၁ ပေခန့်၊ အနံ ၁၄ ပေခန့်၊ ရေစူး ၅ ပေခန့်ရှိ စက်လှေပေါ်မှ တရားမဝင် တင်သွင်းလာသည့် ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၄,၂၀၀ ကျော် တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၅ ဒသမ ၃ တန် သိမ်းဆည်းရမိခဲ့သဖြင့် ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူ များကို စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
(သတင်းစဉ်)