နေပြည်တော် စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ၁ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water) များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် စက်တင်ဘာ ၇ ရက် ညနေ ၄ နာရီခွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ် လေဆိပ်တွင် မဖြိုးကေသီကျော် မှ ရန်ကုန်သို့ တင်ပို့ရန် သယ်ဆောင်လာသည့် စက္ကူဂျပ်ဖာကို ရှာဖွေစစ်ဆေးရာ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅,၈၅၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water) ၇ ဒသမ ၈ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ အလားတူ ယင်းနေ့ ညနေ ၅ နာရီတွင် ပူးပေါင်းအဖွဲ့သည် သတင်းကွင်းဆက်အရ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက် တွင် မမူမူကြူ(ခ) နန်းလောင်ငင် စိုင်းဝိလတ်၊ မမီညား တို့ (၃) ဉီးအား Toyota Crown မော်တော်ယာဉ်တစ်စီး၊ မော်တော်ဆိုင်ကယ်တစ်စီးနှင့်အတူ ဒေသကာလ တန်ဖိုးငွေကျပ် သိန်း ၉,၃၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water) ၈ ဒသမ ၅၂ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်