ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၁,၀၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း(ကဖင်း) ၁ ဒသမ ၃၅ တန် ဖမ်းဆီးရမိ

နေပြည်တော် ဇန်နဝါရီ ၂ 

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၁,၀၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း(ကဖင်း) ၁ ဒသမ ၃၅ တန် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ၂၈ ရက် မွန်းတည့် ၁၂ နာရီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မယ်ယန်း ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် တာချီလိတ်မှ ကျိုင်းတုံဘက်သို့ စိုင်းဆန်ခေး မောင်းနှင်ပြီး စိုင်းလှိုင်းပန် လိုက်ပါလာသည့် Nissan ၁၂ ဘီးမော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ အုတ်ကြွပ်အမိုးပြားများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၁,၀၀၀ ကျော် တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း(ကဖင်း) ၁ ဒသမ ၃၅ တန်၊ မွှေစက်အကြီး ၂ လုံးနှင့် အသေး ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက် အရ သိမ်းဆည်းရမိ ထိန်းချုပ်ဓာတု ပစ္စည်း(ကဖင်း)များအား မဲခေါင်မြစ်ကြောင်းမှတစ်ဆင့် တာချီလိတ် မြို့နယ်သို့ရောက်ရှိပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ 

 

(သတင်းစဉ်)