တာချီလိတ် ၁၅ နိုဝင်ဘာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)သတ္တုလုပ်ငန်းရှင်များအသင်း (ဆဋ္ဌမ)အကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးနှင့် (ပဉ္စမ)သက်တမ်းအမှုဆောင်သစ်ရွေးချယ်ပွဲအခမ်းအနားကို ဟိုတယ်တာချီလိတ် ခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရိုင်ဓာတ်သတ္တုကြီးကြပ်ရေးအဖွဲ့၊အဖွဲ့ခေါင်းဆောင်၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က အမှာစကား ပြောကြားခဲ့ပြီး အထွေထွေအတွင်းရေးမှူး ဦးအေးဆွေက နှစ်ပတ်လည် အစီရင်ခံစာနှင့် ငွေစာရင်းရှင်းတမ်းများကို ဖတ်ကြားခြင်း၊ စာရင်းစစ် ဦးစိုးဝင်းလှိုင်က စာရင်းစစ်အစီရင်ခံစာ တင်ပြခြင်းများကို ပြုလုပ်ခဲ့ကြသည်။
ထို့နောက်အသင်းဥက္ကဋ္ဌ ဦးမြင့်ဦးမှ စတုတ္ထသက်တမ်းအမှုဆောင်များ အားလုံး နုတ်ထွက်ကြောင်း နှုတ်ခွန်းဆက်စကားပြောကြားပြီး အမှုဆောင်သစ်များ ရွေးချယ်ရေး ဆက်လက်ဆွေးနွေးခဲ့ကြသည်။
(ပဉ္စမ)သက်တမ်းအမှုဆောင်များကို ဆက်လက်ရွေးချယ်ခဲ့ကြရာ အမှုဆောင်သစ်(၂၂)ဦးကို ရွေးချယ်တင်မြောက်ခြင်း၊ ဗဟိုအလုပ်အမှုဆောင်(၅)ဦးကို ရွေးချယ်အတည်ပြုခြင်းများကို ပြုလုပ်ခဲ့ကြပြီး (ပဉ္စမ)သက်တမ်းအတွက် ရွေးချယ်ခံရသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)သတ္တု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးမြင့်ဦးမှ မိတ်ဆက်အမှာစကားကိုပြောကြားခဲ့ကြောင်း သိရသည်။
ယာဆေး(ပြန်/ဆက်)


